(Quality Management Representative Supporting Services)
It includes proper maintenance of documents and procedures required by ISO Quality management system standards, controlling changes in existing procedures, controlling changes in new procedures and forms/formats, review for close out of non conformance reports.
ISO အရည်အသွေးထိန်းချုပ်မှုစံများနှင့်အညီ ပြဌာန်းထားသော စာရွက်စာတမ်းများနှင့်လုပ်ငန်းစဉ်များ ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ရန်၊ လက်ရှိကျင့်သုံးနေသောလုပ်ငန်းစဉ်များတွင် အပြောင်းအလဲရှိပါက ထိန်းချုပ်ခြင်း၊ လုပ်ငန်းစဉ်အသစ်များနှင့်အသုံးပြုရမည့် ပုံစံအသစ်များကို ထိန်းချုပ်ခြင်း၊ စံမကိုက်ညီမှုများ အတွက် ပြင်ဆင်မှုများကို အပြီးသတ်သုံးသပ်စစ်ဆေးခြင်းများအတွက် ကူညီပံ့ပိုးပေးခြင်းများ ပါဝင်ပါသည်။
Any organizations or companies who require proper quality management representative function can apply this service.
အထက်တွင် ဖော်ပြထားသော အရည်အသွေးထိန်းချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို ကောင်းမွန်စွာ ထိန်းချုပ် လုပ်ဆောင်လိုသော မည်သည့် အဖွဲ့အစည်း (သို့) ကုမ္ပဏီမဆို ဤ၀န်ဆောင်မှုကို ရယူနိုင်ပါသည်။
Internal Audit Service include
Frequency (Twice per year / Quarterly) အကြိမ်အရေအတွက် (တစ်နှစ်နှစ်ကြိမ်/ သုံးလတစ်ကြိမ်)
Any organizations or companies who want effective and efficient Internal Audit function can apply this service.
ဌာနတွင်းစစ်ဆေးခြင်းကို ထိထိရောက်ရောက်နှင့် စွမ်းဆောင်ရည်ပြည့်ဝစွာ လုပ်ဆောင်လိုသော မည်သည့် အဖွဲ့အစည်း (သို့) ကုမ္ပဏီမဆို ဤ၀န်ဆောင်မှုကို ရယူနိုင်ပါသည်။
It includes training of ISO standard requirements, practicing for audit plan, audit schedule, conducting internal audit, preparing audit report and close out non conformance.
ဤသင်တန်းတွင် ISO စံအရ လိုအပ်ချက်များ၊ စစ်ဆေးမည့် အစီအစဉ်ရေးဆွဲခြင်း၊ စစ်ဆေးမည့် အချိန်ဇယားရေးဆွဲခြင်း၊ ဌာနတွင်းစစ်ဆေးခြင်း၊ အစီရင်ခံစာပြုစုရေးဆွဲခြင်း၊ စံမကိုက်ညီမှုများ အတွက် ပြင်ဆင်မှုများကို အပြီးသတ်ပိတ်သိမ်းခြင်းများအတွက် လေ့ကျင့်သင်ကြားပေးခြင်းတို့ ပါဝင်ပါသည်။
It includes training for requirements and interpretation of ISO standard.
ISO စံအရ လိုအပ်ချက်များနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို အသိပညာပေး သင်ကြားပေးခြင်းဖြစ်ပါသည်။
The steps include discussion with relevant management personnel to identify existing system, procedures, documents and future plan, providing guidance and assist in implementation of system and documentation requirements. Duration 2 to 3 months, total man days – 4 to 6 man days
လက်ရှိကျင့်သုံးနေသော စနစ်၊ လုပ်ငန်းစဉ်များ၊ စာရွက်စာတမ်းများနှင့် အနာဂတ်အစီအစဉ်များကို သတ်မှတ်နိုင်ရန် သက်ဆိုင်ရာ အုပ်ချုပ်သူများနှင့် ဆွေးနွေးခြင်း၊ လိုအပ်သောစနစ်နှင့်စာရွက်စာတမ်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် လမ်းညွှန်ပေးခြင်းနှင့် ကူညီပံ့ပိုးပေးခြင်းတို့ပါဝင်ပါသည်။ ကြာမြင့်ချိန် ၂ လမှ ၃ လအတွင့်း၊ စုစုပေါင်းရက် ၄ မှ ၆ ရက်အထိ
It includes Training for ISO 9001:2015 requirement and Guidance for system & document implementation and changes. Total 4 Man days and duration will be about two months.
ISO 9001:2015 လိုအပ်ချက်များကို သင်ကြားပေးခြင်း၊ စနစ်နှင့်စာရွက်စာတမ်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် ပြောင်းလဲမှုများအတွက် လမ်းညွှန်ပေးခြင်းတို့ ပါဝင်ပါသည်။
Any organizations or companies who have certified for ISO 9001:2008 can apply this service.
ISO 9001:2008 လက်မှတ်ရရှိပြီးသော မည်သည့်အဖွဲ့အစည်း (သို့) ကုမ္ပဏီမဆို ဤ၀န်ဆောင်မှုကို ရယူနိုင်ပါသည်။
It includes training for awareness of Safety Management System and guidance for system set up.
လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးအတွက် အသိပညာပေးခြင်းနှင့် စနစ်တည်ဆောက်ရေးအတွက် လမ်းညွှန်ပေးခြင်းတို့ ပါဝင်ပါသည်။
One of our purposes is to promote safety culture and safe work practice among communities. We contribute safety awareness among organizations. Also we supply good quality personal protective equipments with fair price.
ဘေးအန္တရာယ်ကင်းရှင်းမှုကို အလေးထားဆောင်ရွက်သော အလေ့အထနှင့် လုပ်ငန်းခွင်ဘေးကင်းလုံခြုံမှုရှိရေးအတွက် လုပ်ဆောင်ကျင့်သုံးမှုကို မြှင့်တင်ရန်မှာ ကျွန်ုပ်တို့၏ရည်ရွယ်ချက်များအနက် တစ်ခုအပါအ၀င်ဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် အဖွဲ့အစည်းများအကြား လုပ်ငန်းခွင်ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်သော အသိပညာဗဟုသုတများ ဖြန့်ဝေပေးပါသည်။ ထို့အတူ အရည်အသွေးကောင်းမွန်သော မိမိကိုယ်ကို ဘေးကင်းလုံခြုံစေသော အသုံးအဆောင် ပစ္စည်းများကို သင့်တင့်သော ဈေးနှုန်းဖြင့် ရောင်းချပံ့ပိုးပေးပါသည်။